အမြို့မြို့အနယ်နယ်သတင်းများ

Feb 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron)ရောဂါပိုး ကြိုတင်ကာကွယ်ရေး ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံရာတွင် ပူးပေါင်း ပါဝင် နိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များI ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ယနေ့ နံနက် ၉ နာရီကမြို့ ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာ နေရာများတွင်လှည့်လည် ကြေညာခဲ့ကြသည်။
Feb 16,2022
မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲပိတ်ပွဲကို ယမန်နေ့  ညနေ (၄)နာရီက ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးစည်းကမ်း ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
Feb 16,2022
ကရင်ပြည်နယ် မြဝတီမြို့တွင် ကိုဗစ်-၁၉ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ဗီဇ ပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာ‌ပေးနှိုးဆော် ခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်တွင် အသိပညာပေးလှည့်လည် နှိုးဆော်ခဲ့သည်။
Feb 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ရှိ မြို့ကျက်သရေဆောင်လောကမာရဇိန် စေတီတော်ကြီးရင်ပြင်၌ တပို့တွဲလပြည့်နေ့ ယမန်နေ့ ညနေပိုင်းက နှစ်စဉ်ကျင်းပမြဲဖြစ်သည့် (၇၆)ကြိမ်မြောက် တပို့တွဲလပြည့်နေ့ စုပေါင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စေတီတော်ဗုဒ္ဓ ဝေယျာဝစ္စအဖွဲ့များ ပူးပေါင်းစီစဉ်မှုဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
Feb 16,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့ နံနက် ၉ နာရီက စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
Feb 16,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ နောင်ကိုင်တော်ရပ်ကွက်၏ အကြိမ်(၂၀) မြောက်သံဃာ့ဒါနဆွမ်းဆန်စိမ်းရေစက်သွန်းချလောင်းလှူပူဇော်ပွဲကို ဖေဖော်ဝါရီ(၁၅)ရက်နေ့ ညနေ(၃)နာရီတွင် အဆိုပါရပ်ကွက်ရှိရွာနာမ်စေတီဓမ္မာရုံ၌ ကျင်းပခဲ့သည်။
Feb 16,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ရှိထွယ်ဆန်ယန်ရပ်ကွက်ပရိယတ္တိစာသင်တိုက်တွင် (၁၂)ကြိမ်မြောက် ဆွမ်းဆန်တော်ကပ်ရေစက်ချ အလှူမင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီခန့်က ကျင်းပခဲ့သည်။
Feb 16,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး အကြောင်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။