အမြို့မြို့အနယ်နယ်သတင်းများ

Jun 29,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ကြိုတင်ကာကွယ်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။
Jun 29,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် တရားရုံးမှ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် မိတ်ဆက်ခြင်းကို ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 29,2021
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးပြီး အများပြည်သူ ငါးရိက္ခာတိုးပွားစေရန်အတွက် ရည်ရွယ်၍ ချင်းတွင်းမြစ်အတွင်းသို့ ပထမအကြိမ် ငါးမျိုးများစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၉) နာရီက မုံရွာမြို့ သလ္လာရပ်ကွက် ကမ်းနားလမ်း ချင်းတွင်းမြစ်ဘေး၌ ကျင်းပရာ မုံရွာခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးမောင်မောင်၊ ခရိုင်/မြို့နယ် ငါးမျိုးစိုက် ကြီးကြပ်မှူးကော်မတီဝင်များ၊ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
Jun 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူ(၄၈)ဦးကို Swab ယူ စစ်ဆေးရာ (၂၉)ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ ကြောင်း သိရသည်။
Jun 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အသားကဏ္ဍဖွံ့ဖြိုးရေး အတွက် ၂၀၂၀- ၂၀၂၁ဘဏ္ဍာနှစ် ​မြစိမ်းရောင်အသားကဏ္ဍဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေအား ဝက်တစ် ကောင်လျှင် တစ်သိန်းကျပ် နှုန်းဖြင့် မင်းယားကျေးရွာအုပ်စု ဆွတ်နန်းကျေးရွာ၌ ယမန်နေ့က ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။
Jun 29,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တရားရုံး၏ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် မိတ်ဆက်ရှင်း လင်းခြင်း အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 29,2021
သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ် တားဆီးနိုင်ရေး အတွက် ပြည်သူများနေအိမ်ပြင်ပ သွားလာ ရာတွင် ပါးစပ်၊ နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ခြင်း ကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ် က ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 29,2021
ယနေ့ နံနက် (၉:၀၀) နာရီ မှ  (၁၂ :၀၀)  နာရီအချိန်ထိ ရန်ကုန်အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ်ရှိ  ရပ်ကွက်အချို့တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်လျက်ရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရှိရသည်။