ပန်းတနော် ဖေဖော်ဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron)ရောဂါပိုး ကြိုတင်ကာကွယ်ရေး ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံရာတွင် ပူးပေါင်း ပါဝင် နိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များI ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ယနေ့ နံနက် ၉ နာရီကမြို့ ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာ နေရာများတွင်လှည့်လည် ကြေညာခဲ့ကြသည်။
ထို့သို့ဆောင်ရွက်ရာတွင် ပန်းတနော် မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ယခုအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ရောဂါကူးစက်မှုလျော့နည်း နေသော်လည်း၊ ကိုဗစ်-၁၉ မျိုးရိုး ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် (Omicron) ရောဂါပိုးသည် ရက်ပိုင်းအတွင်း နိုင်ငံအများအပြားတွင် ကူးစက်ပြန့်နှံ့မှုများပြား လာနေပြီဖြစ်ပြီး၊ပန်းတနော်မြို့နယ်တွင်လည်း ရောဂါပိုးတွေ့ရှိသူများရှိနေပြီ ဖြစ်သဖြင့် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် နည်းလမ်းများနှင့် အညီနေထိုင်ကြရန်၊ မိမိတွင် ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက် မကွက် စစ်ဆေးကုသမှု ခံယူကြပါရန်နှင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်ရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကိုလည်း အကြိမ် ရေပြည့်စွာ မပျက်မကွက် ထိုးနှံကြပါရန် အသံချဲ့ စက်များဖြင့် လိုက်လံနှိုးဆော် ကြေညာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)