ကာမိုင်းမြို့၌ (၁၂)ကြိမ်မြောက်ဆွမ်းဆန်တော်ကပ်လှူရေစက်ချ အလှူမင်္ဂလာအခမ်းအနားကျင်းပ

ကာမိုင်း  ဖေဖော်ဝါရီ ၁၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ရှိထွယ်ဆန်ယန်ရပ်ကွက်ပရိယတ္တိစာသင်တိုက်တွင် (၁၂)ကြိမ်မြောက် ဆွမ်းဆန်တော်ကပ်ရေစက်ချ အလှူမင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီခန့်က ကျင်းပခဲ့သည်။

အဆိုပါ အလှူတော်မင်္ဂလာအခမ်းအနားကျင်းပရခြင်းမှာ ၁၃၈၄ခုနှစ်၊ ထွယ်ဆန်ယန်ပရိယတ္တိ စာသင်တိုက်နှင့်မိုးကောင်းမြို့နယ်အထက်ရေရှင် ပရိယတ္တိစာသင် တိုက်တို့တွင် ဝါဆိုဝါကပ်‌တော်မူမည့် စာချစာသင်သံဃာတော်အရှင်သူမြတ်တို့အား ဘောဇနသပ္ပါယ်မျှတပါစေခြင်းအကျိုးငှာ ရည်တန်၍ စုပေါင်းလှူဒါန်းခြင်းဖြစ် ပြီး ဧည့်ပရိသတ်အပေါင်းတို့က လှူဖွယ်၀တ္ထုအစုစုတို့ကို ဆရာ‌တော်များထံ ကပ်လှူပူဇော်ကြပြီး ဩကာသကန်တော့ချိုးဖြင့် ဘုရားကန်တော့၍ ငါးပါးသီလ ခံယူကာဆရာတော်များက မေတ္တသုတ်ပရိတ်တရားတော်ကို စုပေါင်းရွတ်ဆိုကြပြီး အထက်ရေရှင်ဆရာတော်ထံမှ တရားတော်နာယူပူ‌ဇော်ကာ လှူဒါန်းမှုအစုစု အတွက်ရေစက်ချ အမျှပေးဝေခဲ့ကြသည်။

ထိုသို့ လှူဒါန်းရာတွင် ဆန်(၁၈၀)အိတ်၊ ဆီ(၂၂)ပုံးတို့ကို စုပေါင်းလှူဒါန်းရရှိပြီး မိုးကောင်း မြို့နယ် အထက်ရေရှင်ပရိယတ္တိစာသင်တိုက်သို့ မျှဝေလှူဒါန်း‌ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

လဆိုင်း(ပြန်/ဆက်)