ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကော့မှူး ဖေဖော်ဝါရီ ၁၆

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့ နံနက် ၉ နာရီက စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး)က စာပေချစ်မြတ်နိုး သူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်စာစောင်များ ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေးအမြင်များ ပိုမိုရရှိစေရန်နှင့် စာအုပ် စာစောင်များအား အစဉ်အမြဲ လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်အကောင်းများ ရရှိ‌စေရန် အတွေးအခေါ် အယူအဆများနှင့် အမှားအမှန်‌ ဝေဖန်ပိုင်းခြားမှုများ ရရှိ‌စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို အစဉ်အမြဲ ပြုလုပ်ပေးခြင်းဖြစ်‌ကြောင်း စသည့် ရည်ရွယ် ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ (Book Club)အသင်းမှ အဖွဲ့ဝင် ဦးဝင်းအောင်မြင့်က စာရေးဆရာ နတ်သျှင်(ရွှေဂူ) ရေးသားသော “လူငယ်များကို ပျိုးထောင်ပါ လူငယ်နှင့် အချိန်၏ တန်ဖိုး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကိုချစ်စမ်းမောင်က “စာဖတ်ခြင်း အတတ်ပညာ” ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် (Book Club)အသင်းမှ အဖွဲ့ဝင် ဦးဝင်း‌အောင်မြင့်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး စာပေချစ်မြတ်နိုးသူများက စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေး ခဲ့ကြသည်။

ကျော်သူရ