ရှမ်းရွာသစ် ဖေဖော်ဝါရီ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး အကြောင်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်အေးအေးနွဲ့မှ ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း(Book Club)အဖွဲ့ဝင် ဦးစည်သူမျိုးက အမှိုက်များ စနစ်တကျ စွန့်ပစ်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရမည့် အကြောင်းအရာများ၊ သစ်တော သစ်ပင်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ ပလက်စတစ် ဆွေးမြေ့မှုသက်တမ်းများ၊ ဉတုရာသီတောကိုမှီ၏စသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ပြည်သူများသိရှိရမည့်အကြောင်းအရာများကို Onlineမှတစ်ဆင့် အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)