အမြို့မြို့အနယ်နယ်သတင်းများ

Feb 16,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ “အိုမီခရွန်”ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Feb 16,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် ဒေသခံအများစုအနေဖြင့် လယ်ယာစိုက်ပျိုးခြင်းကိုသာ အဓိကထားလုပ်ကိုင်ကြသော်လည်း  ဥယျာဉ်ခြံစိုက်ပျိုးခြင်းနှင့် မွေးမြူရေး လုပ်ငန်းများကို တနိုင်တပိုင်မှ စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်လာကြသူများလည်း ရှိလာကြပြီ ဖြစ်သည်။
Feb 16,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင်နှစ်စဉ် အစဉ်အလာမပျက် ကျင်းပမြဲဖြစ်‌သော ရှေးဟောင်းသမိုင်းဝင် အောင်မြင်ဇေယျရခိုင်စေတီတော်မြတ်ကြီး၏ (၉) ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယမန်‌နေ့ညနေ(၃)နာရီက အဆိုပါဘုရားပရဝုဏ်အတွင်း၌ အိုးစည်ဒိုးပတ် အတီးအမှုတ် အကအခုန်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် ကြောင်း သိရသည်။
Feb 16,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်နှင့် မြို့နယ်ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများစုပေါင်း၍ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပခုက္ကူမြို့၊ ရွှေမုဋ္ဌောဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
Feb 16,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါလျော့နည်းပပျောက်ရေးနှင့် အိုမီခရွန်​ ရောဂါကြိုတင်ကာကွယ်​နိုင်ရေးအတွက်​ နိုင်ငံဝန်ထမ်းများကို Suptnlk Light Vaccine ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆက်လက်ထိုးနှံ​ပေး လျက်ရှိပါသည်။
Feb 16,2022
မြန်မာ့အားကစား အဆင့်အတန်းမြင့်မားစေရေးနှင့် လက်ရွေးစင် အားကစားသမားကောင်းများစွာ ပေါ်ထွက်လာစေရေး တို့အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ်ရိုးရာ ခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်၊ ပြည်နယ်အားကစားခန်းမတွင် ကျင်းပသည်။
Feb 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူနှင့် အသစ်လဲလှယ်သူ(၂၉)ဦး၊ မိတ္တူ(၈)ဦး၊ စုစုပေါင်း(၃၇)ဦးတို့အား ယနေ့ နံနက် ၈ နာရီ မှ မွန်းလွဲ ၃ နာရီ အချိန်အထိ အောင်ဆုပန်ရပ်ကွက် ဓမ္မာရုံတွင် ပြည်သူများအား ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
Feb 16,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ပလောက်ဆေးတပ်ဖွဲ့မှ ဝန်ထမ်းများက ဖေဖော်ဝါရီလ၁၆ရက်နေ့၊ နံနက်(၉)နာရီ အချိန်ခန့်တွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေသီလာရတနာခန်းမ၌ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။