ငါးသိုင်းချောင်း ဖေဖော်ဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ရှိ မြို့ကျက်သရေဆောင်လောကမာရဇိန် စေတီတော်ကြီးရင်ပြင်၌ တပို့တွဲလပြည့်နေ့ ယမန်နေ့ ညနေပိုင်းက နှစ်စဉ်ကျင်းပမြဲဖြစ်သည့် (၇၆)ကြိမ်မြောက် တပို့တွဲလပြည့်နေ့ စုပေါင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စေတီတော်ဗုဒ္ဓ ဝေယျာဝစ္စအဖွဲ့များ ပူးပေါင်းစီစဉ်မှုဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါစုပေါင်းဆွမ်းဆန်စိမ်း လောင်းလှူပွဲသို့ ငါးသိုင်းချောင်းမြို့ပေါ်နှင့်ပတ်ဝန်းကျင်ရှိဘုန်းတော် ကြီးကျောင်း(၃၅) ကျောင်း၊ သီလရှင်ကျောင်း(၈)ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များ စုစုပေါင်းအပါး(၃၀၀)ကျော် ကြွချီအလှူခံယူခဲ့ပြီး စေတနာရှင် ဒေသခံပြည်သူများက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများကို စုပေါင်းလောင်းလှူ ခဲ့ကြကြောင်းသိရှိရသည်။
မြို့(ပြန်/ဆက်)