လှိုင်းဘွဲ ဖေဖော်ဝါရီ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် သာသနဝေပုလ္လအသင်းကြီး၏ (၇၅)ကြိမ်မြောက် စိန်ရတု မင်္ဂလာ ပရိယတ္တိစာပြန်ပွဲတော် အထိမ်းအမှတ် ဓမ္မပူဇာအထူးတရားပွဲကို ဖေဖော်ဝါရီလ(၁၃) ရက်နေ့ စတင်ကျင်းပခဲ့ရာ ယမန်နေ့ (၇) နာရီအချိန်က ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အထူးတရားပွဲတွင် တက်ရောက်လာသော တရားနာပုရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး လှိုင်းဘွဲမြို့ ကရင်စာပေနှင့်ယဉ်ကျေးမှု တိုးတက ပျံ့ပွားရေးအသင်း ဉက္ကဋ္ဌ ဦးအုန်းတင်က ဘားအံမြို့ တောင်ကလေးပရိယတ္တိစာသင်တိုက်၊ တောင်ကလေးကျောင်းဆရာတော်၊ အဂ္ဂမဟာသဒ္ဓမ္ပဇောတိကဓဇ ဘဒ္ဒန္တ ဒေါက်တာပညာသာမိ၏ ကိုယ်ရေးအကျဉ်းအား ဖတ်ကြားခဲ့သည်။ ထို့နောက် တရားနာပုရိတ်သတ်များက ငါးပါးသီလ ခံယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အဂ္ဂမဟာသဒ္ဓမ္ပဇောတိကဓဇ ဘဒ္ဒန္တ ဒေါက်တာ ပညာသာမိက မဆုတ်ယုတ်အောင် သတိရှောင် ခေါင်းစဉ်ဖြင့် ဗုဒ္ဓရတနာပေါ်ထွန်းလာ သတ္တဝါများစွာ အတွက်ပဲ၊ ဓမ္မရတနာပေါ်ထွန်းလာ ပညာသစ်လွင် အတွက်ပဲ၊ သံဃာ့ရတနာပေါ်ထွန်းလာ ချမ်းသာကြဖို့အတွက်ပဲ တရားတော်များဖြင့် ဟောကြားတော်မှုခဲ့ပြီး လှူဖွယ်ဝတ္ထု အစုစုတို့အတွက် ရေစက်ချ အမျှဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)