ရမည်းသင်း ဖေဖော်ဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဝန်ထမ်းများ အရည်အသွေးမြှင့်မာရေး ခရိုင် ပြန်/ဆက် ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၅ ရက်မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စာဖတ်ဝိုင်းဆွေးနွေးရာတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက ရုံးလုပ်ငန်းလက်စွဲ စာအုပ်မှ နိုင်ငံဝန် ထမ်းကျင့်ဝတ်စာအုပ် အခန်း (၁၁)ခန်းရှိရာမှ အခန်း(၁) ရည်ရွယ်ချက်၊ အခန်း(၂) နိုင်ငံ့ဝန်ထမ်းများ ထားရှိရမည့် စံတန်ဖိုးသတ်မှတ်ချက်များ၊ အခန်း(၃) ပြည်သူဗဟိုပြု နိုင်ငံ့ဝန်ထမ်းများ ဖြစ်လာစေရန် ကတိကဝတ်ပြုခြင်း၊ ဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်နှင်းယုအေးမှ အခန်း(၄) လုပ်ငန်းတာဝန်များကို ဇွဲလုံ့လဝီရိယဖြင့် တိကျမှန်ကန်မြန်ဆန် ထိရာက်စွာဆောင်ရွက်ခြင်း၊ အခန်း(၅) ဆန်းသစ်တီထွင်နိုင်မှုနှင့် ယှဉ်ပြိုင်နိုင်မှု စွမ်းရည်ရှိခြင်း စသည်တို့ကို ဆွေးနွေးဆောင်ရွက်သည်။
စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရေးနှင့် ဝန်ထမ်းတစ်ဦးချင်း အသိအမြင်တို့ကို ပြန်လည်မျှတတ်စေရန် တစ်လနှစ်ကြိမ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။
ဇော်ဝင်းအောင်(ပြန်/ဆက်)