သီပေါ ဖေဖော်ဝါရီ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မြညီလာခန်းမတွင် ယမန်နေ့မွန်းလွှဲပိုင်းက ကျောင်းသူများမူးယစ်ဆေးဝါးသုံးစွဲမှု မရှိစေရေး၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများနှင့်ပြစ်ဒဏ်များ ကိုသိရှိပြီးရှောင်ရှားနိုင်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ကိုပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အထက်တန်းပြဆရာမဒေါ်စံပယ်က ကျောင်းသား၊ကျောင်းသူများအနေဖြင့်မူးယစ်ဆေးဝါး နှင့်ပတ်သက်သောမည်သည့်အရာကိုမှ စမ်းသပ်သုံးစွဲခြင်းမပြုကြရန်၊ မူးယစ်ဆေးဝါးအစဆေးလိပ်က ဆိုသည့်အတိုင်း ဆေးလိပ်သောက်သုံးခြင်းကို အဓိကရှောင်ကြဉ်ကြရန်၊ ပညာသင်ယူနေကြသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အထူးဂရုပြု ရှောင်ကြဉ်ကြရန် လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါး အမျိုးအစားများအကြောင်း၊မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ သုံးစွဲမှုကျူးလွန်သူများအတွက်ပြဋ္ဌာန်း ထားသောဥပဒေများအကြောင်းစသည်ဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အကြောင်းအရာများအား ရှင်းလင်းဟောပြောခဲ့ကြောင်းနှင့် ပြသထားသောမူးယစ်ဆေးဝါးနှင့် ပတ်သက်သော နံရံကပ်စာစောင်၊ ဓာတ်ပုံပြဘုတ်များအား ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်ဆက်)