ခရမ်း ဖေဖော်ဝါရီ ၁၆
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်းနှင့်အတူ ဝန်ထမ်းအဖွဲ့များ၊ ပိန်းကန်စံပြကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် ခရမ်းမြို့နယ် ကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယမန်နေ့နံနက် ၈:၀၀) နာရီမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ထိုကဲ့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရမ်းမြို့နယ် မြို့နယ် ဦးစီးမှူးဦးမောင်မောင်သန်းမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (အသစ်/လဲလှယ်)ခြင်းများ ပြုလုပ် ပေးရာတွင် သိသင့်သိထိုက်သည့်အချက်များနှင့် ပန်းခင်းစီမံချက် ဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ၏ ရပိုင်ခွင့်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူတို့ လိုက်နာရမည့် စည်းကမ်းချက်များ၊ အိမ်ထောင်စု လူဦးရေစာရင်းလျှောက်ထားမှု၊ မွေးဖွားသေဆုံး/ ပြောင်းဝင်/ပြောင်းထွက် လုပ်ငန်းတို့၏ အရေးပါပုံတို့နှင့် အတူ ပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြုပြင်ခြင်းနှင့် ပျောက်ဆုံး ပျက်စီးမှုများရှိပါက သက်ဆိုင်ရာဦးစီးဌာနသို့ ဆက်သွယ်ပြုလုပ်နိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပြုလုပ်ပြီးစီးခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ပိန်းကန်စံပြ ကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေပြည်သူ ( ၂၃၀ )ဦးတို့ကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ကိုမင်း ( ခရမ်း )