သံတောင်ကြီးဒေသတွင် ကော်ဖီသီးများအထွက်နှုန်းအနည်းငယ်ကျဆင်းသော်လည်း‌ ဈေးကောင်းရရှိ

သံတောင်ကြီး ဖေဖော်ဝါရီ ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် ဉယျာဉ်ခြံလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအနေနှင့် အဓိက လုပ်ကိုင်ဆောင်ရွက် လျက်ရှိရာ နှစ်ရှည်ပင်ဖြစ်သည့် ကော်ဖီသီးများမှာ ယခုနှစ်တွင် အထွက်နှုန်း အနည်းငယ်ကျဆင်း သော်လည်း  ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးဒေတွင် ကော်ဖီသီးနှံများအား သဘာဝမြေဩဇာများကိုသာ အသုံးပြုခြင်းဖြစ်ပြီး သံတောင်ကြီးဒေသ စိုက်ပျိုးသော ကော်ဖီအမျိုးအစားမှာ အာရေဗီကာကော်ဖီ (ကုန်းမြင့်ကော်ဖီ)နှင့် ရိုဘက်စတာကော်ဖီ (အပင်မြင့်ကော်ဖီ)ပင်များကို အများအားဖြင့် စိုက်ပျိုးကြသည်။

ယခင်က သံတောင်ကြီးမြို့နယ်တွင် နည်းပညာအားနည်းခြင်းကြောင့် ကော်ဖီများ အရည်အသွေး ကောင်းမွန်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်း မရှိသော်လည်း ယခုအခါ စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီ စိုက်ပျိုးနည်းပညာများကို လက်တွေ့ကွင်းဆင်းသရုပ်ပြပေးသည့်အတွက် ကော်ဖီစိုက်တောင်သူများ အနေဖြင့် အရည်အသွေးကောင်းမွန်သော ကော်ဖီများကို စိုက်ပျိုးလုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ယခင်နှစ် ကော်ဖီစေ့ တစ်ပိဿာလျှင်ကျပ် (၃၅၀၀) မှ ကျပ် (၄၀၀၀) အထိသာ ရရှိသော်လည်း ယခုနှစ်တွင် ကော်ဖီစေ့ တစ်ပိဿာလျှင်ကျပ် (၄၅၀၀) မှ ကျပ်(၅၀၀၀)အထိ ရရှိကြောင်း သိရသည်။စောမင်းသား(ပြန်/ဆက်)