ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်

နမ့်ဆန် ၊ ဖေဖော်ဝါရီလ  ၁၆

 

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ်−၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်းက နမ့်ခေးကျေးရွာများသို့ လှည့်လည်၍ တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် ကိုဗစ်−၁၉ရောဂါ မျိုးရိုးဗီဇပြောင်းဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံ့မှုမှာ ရက်ပိုင်းအတွင်းမှာပင် နိုင်ငံအရေအတွက် ပိုမိုများပြားလာပြီဖြစ်ကြောင်း၊ ကိုဗစ်−၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကို ပြည်သူများအနေဖြင့် ဆက်လက်ကာကွယ်တား ဆီးနိုင်ရေးအတွက် အထူးသတိပြုကြရမည်ဖြစ်သော်လည်း ကြောက်စရာမဟုတ်ပါကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ခြင်း၊ လက်ကို စက္ကန့်(၂၀)ကြာ မကြာခဏဆေးကြောခြင်း၊ လူစုလူဝေးရှောင်ရှားကာ တတ်နိုင်သမျှမိမိတို့၏ နေအိမ်၌သာ နေထိုင်ခြင်း၊ သံသယလက္ခဏာများ ခံစားရလျှင် နီးစပ်ရာကျန်းမာရေး ဌာနသို့ ချက်ချင်းဆက်သွယ်ခြင်း စသည့်ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ လိုက်နာ နေထိုင်ရေးနှင့် ကိုဗစ်−၁၉ရောဂါကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့်ပျက်မကွက်ထိုးနှံကြကာ အိုမီခရွန် အပါအဝင် ကိုဗစ်−၁၉မျိုးရိုးဗီဇပြောင်း ရောဂါပိုးများကူးစက်မှု ရပ်တန့်စေရေး ရောဂါကာကွယ်ရေးနည်း လမ်းများကို ပြည်သူများအားလုံး ဆက်လက်လိုက်နာခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)