နတ်မောက် ဖေဖော်ဝါရီ ၁၆
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာအုပ်စု ဘုန်းတော်ပြည့်ကျေးရွာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ပြည်သူများနှင့်အိမ်ထောင်စုလူဦးရေ စာရင်းပြုလုပ်လိုသူ များအား ပန်းခင်းစီမံ ချက်ဖြင့် ယမန်နေ့နံနက်ပိုင်းက ဘုန်းတော်ပြည့်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် အသက်(၁၀)နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ်လာရောက်ပြုလုပ်သူ ကျား(၄၄)ဦး ၊မ(၅၅)ဦး၊ အသက် (၁၈) နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ် လာရောက်ပြုလုပ်သူ ကျား (၂)ဦး၊ မ(၄)ဦး၊ လဲလှယ် ကျား(၁)ဦး၊ မ(၁)ဦး စုစုပေါင်း (၁၀၇)ဦးအား ပြုလုပ်ပေးခဲ့ကြောင်း သိရ သည်။
နတ်မောက်မြို့နယ်တွင် ရပ်ကွက် (၇) ရပ်ကွက်၊ ကျေးရွာပေါင်း (၂၃၄) ရှိပြီး ကျန်ရှိနေသည့် ကျေးရွာများသို့ ပန်းခင်းစီမံချက်ဖြင့် ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိဦးမျိုးတင့်ထံက သိရသည်။
သင်းသင်းမြတ်