ဘုတ်ပြင်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုမွန်အမျိုးသားနေ့အခမ်းအနားကျင်းပ

ဘုတ်ပြင်း ဖေဖော်ဝါရီ   ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုမွန်အမျိုးသားနေ့ အခမ်း အနားကို ယနေ့နံနက်(၇)နာရီက အောင်မင်္ဂလာရပ်ကွက်ရှိ သုခ ကာရီမွန်ကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာအခမ်းအနားတက်ရောက်လာကြသူများက သုခကာရီမွန်ကျောင်း ဆရာတော်ဥူးဥတ္တမထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် တက်ရောက်လာကြသူများက သတ်မှတ်ထားသည့်နေရာများတွင် အသီးသီးနေရာယူကြပြီး မွန်အမျိုးသားအလံတော်အားလွှင့်ထူခြင်း၊ မွန်အမျိုးသားအလံတော် အားအလေးပြုခြင်းနှင့် မွန်အမျိုးသား သီချင်းအား စုပေါင်းသီဆိုခဲ့ကြသည်။ ဆက်လက်၍ မိစန်းစန်းမော်က  မွန်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းနှင့် မွန်စာပေနှင့် မွန်ယဉ် ကျေးမှုအကြောင်းအား ဖတ်ကြားခဲ့သည်။

အခမ်းအနားသို့ သုခကာရီမွန်ကျောင်းဆရာတော်နှင့် ဆရာတော်သံဃာတော်များ၊  မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ မွန်တိုင်းရင်းသားများတက်ကြပြီး ကျန်းမာရေး စည်းကမ်းချက် များနှင့် အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)