မတ္တရာ ဖေဖော်ဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများမှ အသက်၁၆နှစ် ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ မပြုလုပ်ရသေးသူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မတ္တရာမြို့နယ် ဦးစီးမှူရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၁၅ရက်နေ့က ငယ်တိုးကျေးရွာအုပ်စု သနပ်ကုန်းကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူရုံးမှ လဝကမှူး ဦးတင်ထွန်းဦးနှင့် ဝန်ထမ်းများသည် မြွေပုံကန် ကျေးရွာအုပ်စုနှင့် ညောင်အုပ်ကျေးရွာအုပ်စုတို့မှ အသက်၁၆ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားများ မပြုလုပ်ရသေးသူများနှင့် လဲလှယ်သူ (၃၈)ဦးအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)