ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များအတွက် အသိပညာဗဟုသုတများ ရရှိစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စိတ်အပန်းပြေ ပျော်ရွှင်စေရန်ရည်ရွယ်၍ Online မှတစ်ဆင့် သုတ၊ ရသ စာအုပ်စာစောင် မိတ်ဆက်ခြင်း အစီအစဉ်၊ ​Shwe Thway Talk အစီအစဉ်၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များနှင့် ကျန်းမာရေးကဏ္ဍ အစီအစဉ်များကိုရိုက်ကူး၍ ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် နေ့စဉ်ထုတ်လွှင့် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ဒုတိယဦးစီးမှူး ဒေါ်ချိုချိုဝင်းက မိတ်ဆွေရင်းဆိုသည်မှာ အလွန်တန်ဖိုးရှိလျက် သစ္စာရှိကြောင်းကို ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများ သိရှိနိုင်စေရန် ရည်ရွယ်၍ မှုန်ရွှေရည်၏ ဇာတ်လမ်းအား စမ်းချောင်းကိုကိုအောင် သရုပ်ဖော်ထားသော “သစ္စာရှိသော သူငယ်ချင်း” ရုပ်ပြဇာတ်လမ်းအား ဖတ်ပြခြင်း အစီအစဉ်ရိုက်ကူးကာ Online မှတစ်ဆင့် ထုတ်လွှင့်ပေးခဲ့ကြောင်း သိရသည်။

ချိုချိုဝင်း