မြေပုံ ဖေဖော်ဝါရီ ၁၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် ခင်းကျင်းပြသထားသော ပြတိုက်ငယ်( Mini Museum ) သို့ မြေပုံမြို့ပေါ်ရှိ ကျောင်းသား/သူများက ယနေ့ နံနက်ပိုင်းတွင် လာရောက်လေ့လာကြကြောင်း သိရှိရသည်။
ပြတိုက်ငယ် (Mini Museum) သို့ ကျောင်းသား/သူများ လာရောက်လေ့လာရာတွင် မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက ပြတိုက်ငယ် (Mini Museum)တွင် ခင်းကျင်းပြသထားသော ရခိုင်ရိုးရာ ယဉ်ကျေးမှုပွဲတော်များ၊ ရခိုင်ရိုးရာဓလေ့ထုံး တမ်းများ၊ မျိုးနွယ်စုများ၊ ခေတ်လေးခေတ် ဝတ်စားဆင်ယင်မှုများ၊ ရခိုင်တိုင်းရင်းသား ယဉ်ကျေးမှု အသုံးအဆောင်ပစ္စည်းများ၊ ရခိုင်တိုင်းရင်းသားတို့၏ လက်မှုအနုပညာပစ္စည်းများ၊ ရခိုင်ဘာသာဖြင့် ထုတ်ဝေထားသော ဘုရားသမိုင်းများ၊ ကျောင်းသင်ခန်းစာများ၊ ရခိုင်ပြည်နယ်အတွင်းရှိ အထင်ကရ ဘုရားသမိုင်းများ အကြောင်းများကို ရှင်းလင်းပြသရာ ကျောင်းသား/သူ များက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြကြောင်း သိရှိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)