ဝါးခယ်မ ဖေဖော်ဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု (Community Centre) ခန်းမ၌ အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး (Talk Show) ကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရီရီလွင်နှင့် ရုပ်သံကျွမ်းကျင်(၃) ဒေါ်စောသန္တာဦးတို့က ထက်ဝေအောင် (စစ်ကိုင်း)ရေးသားသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ဖို့ ယခုပင် ဆောင်ရွက်စို့ဆောင်းပါးမှ အမျိုးသမီးများအပေါ် ကျူးလွန်ပြုမူကြသည့် မှုခင်းဖြစ်ရပ်များ၊ မြန်မာအမျိုးသမီးများ အခွင့်အရေး ကာကွယ်စောင့်ရှောက်ပေးနေမှု၊ မြန်မာအမျိုးသမီး များ ဘဝလုံခြုံရေးအကြမ်းဖက်မှုများမှ ကာကွယ်တားဆီးရေး၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးစွမ်းဆောင်ရည်များ မြင့်မားရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများနှင့် အမျိုးသမီးထုတစ်ရပ်လုံး ဂုဏ်သိက္ခာရှိရှိ ရှင်သန်ရပ်တည်နိုင်ရေး အတွက် အခက်အခဲများကို နည်းလမ်းမျိုးစုံဖြင့် ကူညီဖြေရှင်းပေးခြင်း၊ အကြမ်းဖက်ခံရသူများ၏ ကိုယ်ရောစိတ်ပါ စွဲကပ်နေသည့် ဒဏ်ရာဒဏ်ချက်များကို ကုသပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ညှိနှိုင်းနှစ်သိမ့်ပေးခြင်း လုပ်ငန်းများကိုပြည်သူများအသိပညာရရှိစေရန်ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ဝါးခယ်မမြို့ ပြည်သူ့စာကြည့်တိုက် pageတွင် စာအုပ်မိတ်ဆက်ခြင်း၊ ကလေးများအတွက် ကဗျာရွတ်ဆိုခြင်း၊ ပုံပြင်ပြောပြခြင်း၊ (Talk Show) များဆောင်ရွက် ခြင်းနှင့် အခြားဗဟုသုတရဖွယ် အစီအစဉ်များကိုလည်း Onlineမှတဆင့် နေ့စဉ်လွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။
စောသန္တာဦး(ပြန်/ဆက်)