ကျွန်းလှမြို့နယ် ရှမ်းစုကျေးရွာတွင် တစ်ပိုင်တစ်နိုင် အိုးလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိသားစု ဝင်ငွေရရှိ

ကျွန်းလှ ဖေဖော်ဝါရီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင်တစ်နိုင် အိုးလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုအတွက် ဝင်ငွေရရှိနေကြောင်း သိရသည်။

 “ရှမ်းစုကျေးရွာတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး မိဘများလက်ထက်က လုပ်ကိုင်လာကြသည့် အိုးလုပ်ငန်းကို တစ်ပိုင်တစ်နိုင် လုပ်ကိုင်ကြကြောင်း၊ အိုးလုပ်ရာ တွင်  ကုန်ကြမ်းပစ္စည်းဖြစ်သော ရွံ့စေးမြေကို သုံးဘီးတစ်စီး ငွေကျပ် ၅၀၀၀ နှင့် ထင်းတစ်စီး‌ ငွေကျပ် ၁၀၀၀၀ ပေးရကြောင်း၊ အိုးတစ်လုံးဖြစ်ရန် ရွံစေးမြေကို နေလှန်းပြီး သဲဖြင့်ရော ရေစိမ်ထားရကြောင်း၊ ရေစိမ်ပြီးမြေအား ပုံလောင်း၊ ထုတ်ဖြင့်ရိုက် နေပြန်လှန်း၍ မီးဖုတ်ရကြောင်း အိုးလုပ်ငန်း လုပ်ကိုင်သူ ဦးကျော်ဌေးက‌ ပြောကြားသည်။

အဆိုပါ အိုးများကို ကျွန်းလှမြို့နယ်၊ ကန့်ဘလူမြို့နယ်နှင့် ကောလင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ လာရောက်ဝယ်ယူကြကြောင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိနေကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)