အ.ထ.က(မိုင်းယု)ကျောင်းသား ကျောင်းသူများအား မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြသ

မိုင်းယု ဖေဖော်ဝါရီ ၁၆

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊  မိုင်းယုမြို့တွင် နွေရာသီရောက်လာပြီဖြစ်၍ ကျောင်းဝင်းအတွင်း မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရန်နှင့် ကြုံတွေ့လာပါက အလျင်အမြန် မီးငြှိမ်းသတ်နိုင်ရန် အတွက် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သရုပ်ပြပွဲတွင် မီးသတ်ဦးစီးဌာနမှ တာဝန်ခံ တပ်ကြပ်ကြီး ဦးအောင်မျိုးထိုက်နှင့် တပ်ဖွဲ့ဝင်များက နွေရာသီရောက်လာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်များ မဖြစ်ပေါ်စေရေးနှင့် ကြုံကြိုက်လာပါက အဆင်သင့် ငြိမ်သက်နိုင်ရန်အတွက်  မည်သည့်နေရာတွင်မဆို အကြောင်းအမျိုးမျိုးကြောင်း မီးဘေးကြုံခဲ့လျှင် ကနေဦးမီးငြိမ်းသတ်စေရေး၊ ကယ်ဆယ်ရေးဆောက်ရွက်မှု၊ မီးလောင်ကျွမ်းရခြင်း၏ သဘောတရားများစသည့် မီးလောင်ကျွမ်းမှုဆိုင်ရာ အသိပညာဟောပြောပြီး မီးသတ်တပ်ဖွဲ့ဝင်များက လျှပ်စစ်မီး၊  လောင်စာဆီ၊ သဘာဝမီးဘေးအန္တရာယ်များ ကြုံတွေ့လာပါက ကနေဦး မီးငြိမ်းသတ်ခြင်း၊ မီးသတ် ဆေးဘူးဖြင့် ငြှိမ်းသတ်ခြင်း စသည့် အခြေအနေများကို တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူအား လက်တွေ့သရုပ်ပြသ သင်ကြားပေးခဲ့ကြောင်းသိရသည်။

ကိုကိုနိုင်(မိုင်းယု)