နတ်တလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများကို ပထမအကြိမ် ထိုးနှံခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နတ်တလင်း  ဖေဖော်ဝါရီ  ၁၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၌ ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို မြို့နယ်အတွင်းရှိ ကာကွယ်ဆေးလုံးဝမထိုးရသေးသည့် ထိုးနှံရန်ကျန်ရှိသည့် ပြည်သူများကို နတ်တလင်းမြို့၊ ဇီကုန်းလေးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ နံနက်(၉) နာရီက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံရာတွင် နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှပြည်သူများ လာရောက်ထိုးနှံကြပြီး COVIShield ကာကွယ်ဆေးကို မြို့နယ်အတွင်း (လုံးဝ)မထိုးရသေးသည့် ထိုးနှံရန်ကျန်ရှိသည့် ပြည်သူများအားလုံးကို ထိုးနှံ ပေးမှာဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ထို့ပြင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးပထ မအကြိမ်ထိုးနှံပြီးသည့် ပြည်သူများကိုလည်း ဒုတိယအကြိမ် ထိုးနှံ ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးမှာဖြစ်ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)