မြစ်ကြီးနားခရိုင် ခရီးစဉ်‌ ဒေသစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မြစ်ကြီးနား  ဖေဖော်ဝါရီ  ၁၆

မြစ်ကြီးနားခရိုင် ခရီးစဉ်‌ဒေသစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြစ်ကြီးနားခရိုင်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယခရိုင် အုပ်ချုပ် ရေးမှူး ဦးအောင်နိုင်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး မြစ်ကြီးနားခရိုင် ခရီးစဉ်‌ ဒေသစီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် မြစ်ကြီးနားခရိုင်ခရီးစဉ်ဒေသဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒေါ်စန်းစန်းမြင့်မှ DMO ယခင် အစည်းအဝေးဆုံးဖြတ်ချက် ဆောင်ရွက်ပြီးစီးမှု၊ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့မှုနှင့် အဖွဲ့၏ လုပ်ငန်းတာဝန် (၂၁) ချက်ကို ချပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် အဖွဲ့ဝင်များက အကြံပြု ဆွေးနွေးတင်ပြခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)