ကျိုက်မရော ဖေဖော်ဝါရီ ၁၆
ကျိုက်မရောမြို့ ကိုးနဝင်းစေတီတော် ဗုဒ္ဓပူဇနိယပူဇော်ပွဲ အထိမ်းအမှတ် မြန်မာ့ရိုးရာလှေလှော် ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျိုက်မရောမြို့၊ ရှင်စောပုရပ်ကွက်၊ ကမ်းနားဆိပ်တွင် ကျင်းပခဲ့ရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ် ၀န်ကြီးများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှေလှော်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးပြီး အမျိုးသမီး ပထမဆုကို ဦးလေးကျေးရွာအားလည်းကောင်း၊ ဒုတိယဆုကို ငပြေမ ကျေးရွာအားလည်းကောင်း၊ အမျိုးသား ပထမ၊ ဒုတိယ၊ တတိယဆုများ အသီး သီးချီးမြှင့်ပေးသည်။
အဆိုပါ လှေလှော်ပြိုင်ပွဲကိုဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး ကျိုက်မရောမြို့နယ် လှေလှော်အသင်း(၁၀)သင်းမှ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်စေရန် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ ကျန်းမာသန်စွမ်းပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများစွာ ပေါ်ထွက် လာစေရန် ပြည်နယ်အစိုးရအဖွဲ့မှလည်း ပြည်နယ်ဂုဏ်ဆောင် အားကစားသမား ကောင်းများ မွေးထုတ်ပေးခြင်းနှင့် ပြည်နယ်တွင်း၌ အားကစားကွင်းနှင့် အားကစားဥယျာဉ်များ တည်ဆောက် ပေးကာ လူငယ်နှင့် အားကစားကဏ္ဍကို အထူးအလေးပေး ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)