ရန်ကုန် ဖေဖော်ဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် တပို့တွဲလပြည့်နေ့၊ ခရစ်နှစ် (၂၀၂၂)ခုနှစ် နှစ်စဉ်ကျင်းပမြဲဖြစ်သော ကောက်သစ်ဦးအလှူဌာနခေါ် မြန်မာ့ရိုးရာ ထမနဲပွဲတော်ကို မြတ်စောညီနောင် ကြံတိုင်းအောင်ဘုရားတွင် ရွှေပြည်သာမြို့နယ် သံဃာနာယက ဆရာတော်ကြီးများအား ပူဇော်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က မြတ်စောညီနောင် ကြံတိုင်းအောင်ဘုရားတွင် ကျင်းပခဲ့သည်။
ပူဇော်ပွဲတွင် ရွှေပြည်သာမြို့နယ် သံဃာနာယက ဆရာတော်ကြီးများဖြစ်သော အနောက်အုတ်ကျင်း ဆရာတော်၊ တံတားကြီး ဓမ္မသုခ ဆရာတော်၊ ရန်ကုန်ကျောင်း ဆရာတော်များ အမှူးပြုသော ဆရာတော် (၁၀)ပါးထံမှ သီလခံယူ ဆောက်တည်ခြင်း၊ ပရိတ်တရား တော်များ နာယူခြင်း၊ ဆရာတော်ကြီးများအား ဆွမ်း၊ နဝကမ္မစသော လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် သင်္ဃန်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ပူဇော်ပွဲသို့ တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များကို မတည်အလှူရှင်များဖြစ်သော မြတ်စောညီနောင် ကြံတိုင်းအောင် ရွှေစေတီတော်မြတ်ကြီး၏ ဂေါပကဥက္ကဋ္ဌ ဦးအောင်ဝင်း+ဒေါ်နုနုတင်၊ ဦးကျော်မိုးနိုင်+ဒေါ်ခင်သူဇာတင်၊ ဦးသန်းစိုး+ဒေါ်မာလာနှင့် ဂေါပကအဖွဲ့များက အကျွေးအမွေးနှင့် ထမနဲများဖြင့် ဧည့်ခံခဲ့ပြီး အဆိုပါပူဇော်ပွဲကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို