အမြို့မြို့အနယ်နယ်သတင်းများ

Mar 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ မြို့မဈေး၊ ဆိပ်ကမ်းသာဈေးနှင့် အောင်သာယာဈေးများအတွင်း ရောင်းဝယ် ဖောက်ကားလျက်ရှိသော ဈေးသူ၊ ဈေးသားများနှင့် မြို့နယ်နေပြည်သူများ နှာခေါင်းစည်း Mask များ မဖြစ်မနေ တပ်ဆင် စေရေးအတွက် အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီအချိန်က ဆောင်ရွက်သည်။
Mar 09,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၌ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က အမှတ်(၁) ရပ်ကွက် အစည်းအဝေးခန်းမဆောင်၌ ကိုဗစ် စည်းကမ်းချက်များနှင့် အညီ ကျင်းပခဲ့ကြောင်း သိရသည်။
Mar 09,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပေါက်လောက်ကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ကာကွယ်‌ဆေးလာရောက်ထိုးနှံသည့် ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Mar 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ ကညင်တိုင်းကျေးရွာအုပ်စု ကညင်တိုင်းကျေးရွာနှင့် မိုးကုတ်ကျေးရွာအုပ်စု အောက်စုကျေးရွာတို့တွင် ယနေ့နံနက်ပိုင်း၌ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးစိုးကျော်သူနှင့်အဖွဲ့မှ မြစိမ်းရောင်စီမံကိန်းစာရင်းဇယားများ စစ်ဆေးခြင်း၊ မြစိမ်းရောင်ချေးငွေဖြင့် ဆောင်ရွက်သောလုပ်ငန်းများ စစ်ဆေးခြင်းနှင့် ကော်မတီဝင်များအား တွေ့ဆုံဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့သည်။
Mar 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း ယခုမတ်လကုန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးစေရန် ဌာနဆိုင်ရာအကြီးအကဲများက အဖွဲ့(၅)ဖွဲ့ဖြင့် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Mar 09,2022
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိစေရေးအတွက် ၂၀၂၁ −၂၀၂၂ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၊ ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၁၉၈ ဒသမ ၄၁၈ သန်းဖြင့် ကျေးရွာ(၉)ရွာ၌ သောက်သုံးရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း စစ်တွေမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Mar 09,2022
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၁၈နှစ်ပြည့်ပြီး ပြည်သူများအား ကိုဗစ် ၁၉ရောဂါ ကာကွယ်ဆေးများကို မတ်လ ၉ ရက်နေ့က မြို့အဝင်အထွက်နေရာများ၌ ကာကွယ်ဆေး များထိုးပြီးမှု ရှိမရှိစစ်ဆေးပြီး မထိုးနှံရသေးသူများကို ထိုးနှံပေးလျက်ရှိသည်။
Mar 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ဇလွန်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၈၉)ဦး ဝင်ရောက် ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးက သိရသည်။