အမြို့မြို့အနယ်နယ်သတင်းများ

Mar 09,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်လုံးဆိုင်ရာမြို့မိမြို့ဖ၊ ရပ်မိရပ်ဖ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အခမ်း အနားကို ယမန်နေ့နံက်ပိုင်းက ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက် မိဘ ပြည်သူများကို မြို့လယ်ကျက်သရေဆောင် အောင်တော်မူဘုရား တန်ဆောင်း၌ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ ဧပြီလကုန်၌ ရာနှုန်းပြည့် ကာကွယ်ဆေး ထိုးနှံပြီးစီးရေးအတွက် ဌာနဆိုင်များအား နယ်မြေအလိုက် ကွင်းဆင်း ကြီးကြပ်ရေးအဖွဲ့ဖွဲ့၍ ကျေးရွာအုပ်စုများနှင့်  ရပ်ကွက်များအရောက် ကွင်းဆင်း၍ ယနေ့ နံနက်၌ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ကွင်းဆင်းထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။
Mar 09,2022
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်ဘုတ်နှင့် သီးခြားပြဘုတ်တွင်  လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲ ရေး အသိပညာပေးစာစောင်များကို ပြသခြင်းဆောင်ရွက်လျက်ရှိသည်။
Mar 09,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသည့်ပြည်သူများအား ယမန်နေ့ကစတင်ပြီး ကျန်းမာရေးဝန်ထမ်းများက မိုဘိုင်းစနစ်ဖြင့် ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Mar 09,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများအားလုံး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပသည်။
Mar 09,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်တွင် မသန်းစွမ်းသူ က‌လေးငယ် အတွက် ယမန်နေ့ ၁၁နာရီက လင်းရောင်ခြည်(SHG) မသန်းစွမ်းသူ ကိုယ်ထူကိုယ်အဖွဲ၏ (၅)နှစ်ပြည့် အခမ်းအနားကို ကျင်းပ ခဲ့ကြောင်း သိရသည်။
Mar 09,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရေးအတွက် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ကျေးလက်နေ ပြည်သူများအား ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆေးထိုးအဖွဲ့(၁၀)ဖွဲ့ဖြင့် ကျေးရွာအရောက် တတိယနေ့အဖြစ် ကွင်းဆင်းထိုးနှံ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
Mar 09,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ မြေဆီမြေလွှာများနှင့် ရာသီဥတု အခြေအနေအရ ပီလောပီနံပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယခုနှစ်တွင် ယခင်နှစ်များထက် ပီလောပီနံဥများ ဈေးနှုန်းကောင်းမွန်မှုကြောင့် ပီလောပီနံ စိုက်ပျိုးတောင်သူများအနေဖြင့် ဝင်ငွေပိုမိုရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။