မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း Omicron ကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်

မော်လမြိုင်ကျွန်း မတ် ၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ မြို့မဈေး၊ ဆိပ်ကမ်းသာဈေးနှင့် အောင်သာယာဈေးများအတွင်း ရောင်းဝယ် ဖောက်ကားလျက်ရှိသော ဈေးသူ၊ ဈေးသားများနှင့် မြို့နယ်နေပြည်သူများ နှာခေါင်းစည်း Mask များ မဖြစ်မနေ တပ်ဆင် စေရေးအတွက် အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီအချိန်က ဆောင်ရွက်သည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဒေါ်နှင်းမိုးလှိုင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့များက မြို့နယ်နေပြည်သူများ‌နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း Mask များ မဖြစ်မနေတပ်ဆင်စေရေး၊ ဈေးသူ ဈေးသားများအားလုံး သိရှိလိုက်နာ‌နိုင်စေရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းများ‌ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။    

အောင်အောင်(ပြန်/ဆက်)