အမြို့မြို့အနယ်နယ်သတင်းများ

Mar 09,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ အသိပေးအချက်များကို ယနေ့နံနက်ပိုင်းက တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
Mar 09,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း‌ ဆောင်းသီးနှံများနှင့် ဆီထွက်သီးနှံနေကြာ စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှု ကော်မတီ၀င်များတို့ပူးပေါင်းကာ ယမန်နေ့မွန်းလွဲပိုင်းက သထုံမြို့နယ်၊ အောက်ကွင်း‌ကျေးရွာ တို့ရှိ ဆောင်းသီးနှံ ပဲတီစိမ်းနှင့် ဆီထွက်သီးနှံနေကြာ စိုက်ပျိုးမြေများသို့ ကွင်းဆင်း ပညာပေး စည်းရုံးခြင်းများ ဆောင်ရွက်ခဲ့သည်။
Mar 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ခရိုင်၊ ဟင်္သာတမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီအချိန်က အိပ်ပျက်ကျေးရွာအုပ်စု အလယ်စုရွာတွင် ကတ်ပြားများ ပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့သည်။
Mar 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ.မ.က(၁၉၂) သဲကုန်းကျောင်းတွင် ယနေ့ နံနက် (၁၀)နာရီအချိန်က နံရံကပ်စာစောင်ပြပွဲ၊ ဟောပြောပွဲနှင့် ပုံတူပန်းချီဆွဲပြိုင်ပွဲများပြုလုပ်၍ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခြင်းကို ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ‌ ဆောင်ရွက်ခဲ့ကြသည်။
Mar 09,2022
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် အသက် (၁၈) နှစ်ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသော ပြည်သူများများအား ယမန်နေ့ နံနက် ၈ နာရီခွဲမှစ၍ ကာကွယ်ဆေးထိုးအဖွဲ့ (၈)ဖွဲ့ဖြင့် ကျေးရွာများသို့ ကွင်းဆင်း၍ ထိုးနှံပေးခဲ့သည်။
Mar 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် သေဆုံး သူများ၊ ရောဂါကူးစက်ခံရမှုများ လျော့နည်းစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသော ဦးစားပေး အစီအစဉ်များအရ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ရာ ယမန်နေ့ နံနက် ၁၀ နာရီခန့်က အမှတ် (၅) ရပ်ကွက်‌၊ ရွာလယ်သိမ်ကျောင်း၊ ဘုန်းတော်ကြီး ကျောင်းတိုက်တွင် အသက် ၁၈ နှစ် အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ပထမအကြိမ် ထိုးနှံပေးကြောင်း သိရသည်။
Mar 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ သန့်ရှင်းသာယာ လှပရေးအတွက် မြို့စီမံ အုပ်ချုပ်ရေးအဖွဲ့က စည်းကမ်းမဲ့ အမှိုက်မပစ်ရဆိုင်းဘုတ်များကို လိုက်လံစိုက်ထူ အသိပညာပေး ထားကြောင်း သိရသည်။
Mar 09,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း အဝေးပြေးလမ်းမပေါ်သွားလာနေကြသည့် လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား စစ်ဆေးဖမ်းဆီး အရေးယူခြင်းကို ယမန်နေ့နံနက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများပူးပေါင်းကာ သထုံမြို့၊ အောက်ကျင်း ရပ်ကွက်၊ ခရိုင်မီးသတ်ဦးစီးဌာနမှူး ရုံးရှေ့၊ ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီးပေါ်၌ ပြုလုပ်ခဲ့သည်။