မတ္တရာမြို့နယ်၌ ပြည်သူများအား ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

မတ္တရာ မတ် ၉

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၁၈နှစ်ပြည့်ပြီး ပြည်သူများအား ကိုဗစ် ၁၉ရောဂါ ကာကွယ်ဆေးများကို မတ်လ ၉ ရက်နေ့က မြို့အဝင်အထွက်နေရာများ၌ ကာကွယ်ဆေး များထိုးပြီးမှု ရှိမရှိစစ်ဆေးပြီး မထိုးနှံရသေးသူများကို ထိုးနှံပေးလျက်ရှိသည်။

ထို့သို့ကာကွယ်ဆေးများထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီး၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်တပ် ဖွဲ့ဝင်များမှ ပူးပေါင်းပါကာ မတ်လ ၉ရက်နေ့အထိ (၁၁၃၂၀၆)ဦးအား ပထမအကြိမ်နှင့် ( ၆၄၆၆၇ ) ဦးအား ဒုတိယအကြိမ်အဖြစ် ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့သည်။

ကိုဗစ်၁၉ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)