ဇလွန် မတ်လ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ဇလွန်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၈၉)ဦး ဝင်ရောက် ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးက သိရသည်။
ဇလွန်မြို့နယ်အတွင်း ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ.ထ.က (၁)ဇလွန်၊ (အ.ထ.က)ကော့ကပ်ကြီး၊ (အ.ထ.က)ကျုံရှစာဖြူစု၊ (အ.ထ.က)ရေလဲ၊ (အ.ထ.က)ဂုံညင်းတန်း၊ (အ.ထ.က)ဒေါင့်ကြီး၊ (အ.ထ.က)ပျဉ်းမကုန်း၊ (အ.ထ.က)ရွှေကျောင်း၊ (အ.ထ.က)မေရီလန်း၊ (အ.ထ.က)မြစ်ဝ၊ (အ.ထ.က)သပြုကွင်းကျောင်း စာစစ်ဌာန (၁၁)ခုတို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စာစစ်ဌာန (၁၁)ခုတွင် အတွဲ(၁)၊ အတွဲ(၂)နှင့် အတွဲ(၇) ဘာသာရပ်များကို ကျောင်းတွင်းဖြေ (၉၂၃)ဦးနှင့် ပြင်ပဖြေ (၁၆၆)ဦး ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၈၉)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
ဝေယံ