အမြို့မြို့အနယ်နယ်သတင်းများ

Mar 09,2022
ရှမ်းပြည်နယ်(အရှေပိုင်း)တာချီလိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ တတိယလိုင်းဖြစ်ပွားနေစဉ်ကာလအတွင်း ကွယ်လွန်ခဲ့ကြ သူများအား ရည်စူး၍ မေတ္တာပို့ အမျှပေးဝေခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ပုံလို့မြိုမ သုဿာန်သစ်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
Mar 09,2022
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို ရပ်ကွက် ၁၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၄ အုပ်စုတို့တွင် ဆေးထိုးအဖွဲ့ ရှစ်ဖွဲ့ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးလျှက်ရှိရာ မြို့နယ်အတွင်းရှိ ပြည်သူပေါင်း၏ ၅၅.၉ ရာခိုင်နှုန်း ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
Mar 09,2022
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ် ရုံးကုန်းရပ်ကွက်ရှိ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အသက်(၁၈)နှစ်အထက် ပြည်သူများအား ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Mar 09,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်အောင် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 09,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားကို ချွေတာနိုင်ရေး အသိပညာပေး ပြက္ခဒိန်များကို ယမန်နေ့နံနက်ပိုင်းက မြို့တွင်းရှိ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်ရှိ လူနေအိမ်များ၊ စျေးဆိုင်များတွင် အခမဲ့ ဖြန့်ဝေခဲ့ကြောင်းသိရသည်။
Mar 09,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့များပူးပေါင်းကာ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး Mask Campaign ဆောင်ရွက်ခြင်းတို့ကို ယမန်နေ့ နံနက်က ပြုလုပ်ခဲ့ကြသည်။
Mar 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့ နံနက် (၁၀)နာရီအချိန်က ကလေးငယ်များ ကာယ၊ ဉာဏ ဖွံ့ဖြိုးစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး သွက်လက်ထက်မြက်စေရန် ရည်ရွယ်၍ အားကစားပြိုင်ပွဲများ ကျင်းပခဲ့သည်။
Mar 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီကာလအတွင်း ပတ်ဝန်းကျင် စိမ်းလန်းစို‌ပြေရေး၊ သဘာဝဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရေး၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများအနေဖြင့် ပျိုးပင်များ အခမဲ့ရယူ စိုက်ပျိုးနိုင်စေရန် ရည်ရွယ်၍ ချောင်းဖျားကျေးရွာရှိ လူထုဖြန့် ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း ၂၀၀၀၀ ‌ကျော်ကို ပျိုးထောင်ထားရှိကြောင်း သိရသည်။