ဘိုကလေး မတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက် မိဘ ပြည်သူများကို မြို့လယ်ကျက်သရေဆောင် အောင်တော်မူဘုရား တန်ဆောင်း၌ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ ဧပြီလကုန်၌ ရာနှုန်းပြည့် ကာကွယ်ဆေး ထိုးနှံပြီးစီးရေးအတွက် ဌာနဆိုင်များအား နယ်မြေအလိုက် ကွင်းဆင်း ကြီးကြပ်ရေးအဖွဲ့ဖွဲ့၍ ကျေးရွာအုပ်စုများနှင့် ရပ်ကွက်များအရောက် ကွင်းဆင်း၍ ယနေ့ နံနက် ၌ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ကွင်းဆင်းထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့ ကွင်းဆင်းထိုးနှံရာတွင် အမှတ်(၆)ရပ်ကွက်၊ အမှတ်(၉)ရပ်ကွက်၊ ဘုရားချောင်း၊ မြင်းကကုန်း၊ စက်ဆန်း၊ ကဒုံကနိ၊ မလော့၊ ဟေမာန်၊ သစ်ဖြူချောင်းနှင့် သကံဝကျေးရွာအုပ်စုများ အရောက်သွား၍ လူဦးရေ (၂၀၀၀)ကျော်အား ထိုးနှံပေးသွားမည်ဖြစ်ပြီး အဆိုပါ ကွင်းဆင်း ထိုးနှံမှုများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ လှည့်လည်အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)