ကိုဗစ်-၁၉ ကာကွယ်ဆေး လုံးဝမထိုးရသေးသူစာရင်း ကောက်ယူခြင်းအား ဌာနဆိုင်ရာများ ကြီးကြပ်ဆောင်ရွက်

ကျိုက်လတ် မတ်လ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်း အသက် (၁၈)နှစ်အထက် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရန် ကာကွယ်ဆေး လုံးဝမထိုးရသေးသူစာရင်း ကောက်ယူခြင်းအား ယမန်နေ့ နံနက် (၉)နာရီခန့်မှစ၍ ရပ်ကွက်ကျေးရွာများသို့ သက်ဆိုင်ရာ ဌာနဆိုင်ရာများအလိုက် ကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကလပ်ရပ်၊ ဒေါင့်ကြီး၊ ဘိုးလူဝ၊ ကွန်ပလိုင်း၊ ပရိုက်ကြံခင်း၊ ပရိုက်ဝ၊ ကျုံသိဝ၊ ကွင်းချောင်းကြီး၊ ငပွေးတန်းစာဖြူ၊ ကညင်ကုန်း၊ တဘိုးကုန်းနှင့် မရမ်းကလေး ကျေးရွာများသို့ မြို့နယ်ပညာရေးမှူး ဦးထိန်းလင်း ဦးဆောင်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အိအိမိုးနှင့် မြို့နယ်မီးသတ်ဦးစီးဌာန ဒု-မီးသတ်ဦးစီးမှူး ဦးထက်နိုင်အောင်တို့ ပါဝင်သောအဖွဲ့သည် အထက်ပါကျေးရွာများရှိ နာတာရှည်/ နာမကျန်းသူများ၊ ကလေးအသက် (၂)နှစ်အောက် နို့တိုက်မိခင်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ပြည်တွင်းပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်သူများ ပင်လယ်ပြင်ရေလုပ်သားများ၊ အိမ်ထောင်စုရှိ လူမရှိသူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေး လုံးဝမထိုးရသေးသူများစာရင်း ကောက်ယူပြုစုခြင်း လုပ်ငန်းများအား ကြီးကြပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ရီရီမြင့်(ပြန်/ဆက်)