မိုင်းကိုင် မတ် ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ် အတွင်းရှိ လွိုင်လင် - ပန်ကေတု - သီပေါလမ်း အပိုင်းကို (၅.၅) မီတာအကျယ် ကတ္တရာလမ်းချဲ့ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သဖြင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့် မြို့နယ် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီဝင်များမှ ယမန်နေ့နေ့လည်က လမ်းပိုင်းအား ကွင်းဆင်း စစ်ဆေး ကြည့်ရှုခဲ့သည်။
ကတ္တရာလမ်း ချဲ့ခင်းခြင်းလုပ်ငန်းတွင် ယခင် ၁.၂၅ ကီလိုမီတာ အခြေခံလွှာခင်းပြီးသော လွိုင်လင်-ပန်ကေတု-သီပေါလမ်း ကီလိုမီတာ ၁၀၉.၉၇ မှ ၁၁၁.၂၂ (ဟိုနားကျေးရွာအထွက်)အထိ လမ်းအပိုင်းနှင့် ကီလိုမီတာ ၁၁၁.၂၂ မှ ၁၁၂.၄၇ (နားတီးရွာအဝင်) အထိ လမ်းအပိုင်း နှစ်ပိုင်းအား (၅.၅) မီတာအကျယ် ကတ္တရာလမ်းချဲ့ခင်းခြင်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း ရှမ်းပြည်နယ် အစိုးရ၏ ငွေလုံးငွေရင်းရန် ပုံငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ လုပ်ငန်းနှစ်ပိုင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၏ လုပ်ငန်းတင်ဒါစနစ်ဖြင့် နေခြည်ဆန်း ကုမ္ပဏီ နှင့် ဆိုင်တိန်းခမ်း ကုမ္ပဏီ တို့ကတာဝန်ယူ၍ မြို့နယ်လမ်းဦးစီးဌာနမှ မြို့နယ်အင်ဂျင် နီယာ ဒေါ်နန်းမွေခမ်း၏ ကြီးကြပ်မှုဖြင့် ကတ္တရာလမ်းချဲ့ခင်းခြင်း လုပ်ငန်းကို ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမအပတ်တွင် ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်သဖြင့် မိုင်းကိုင်မြို့နယ်အတွင်း၌ ယခင်ကထက် လမ်းပမ်းဆက်သွယ်ရေး ပိုမိုကောင်းမွန်စွာ သွားလာနိုင်ပြီဖြစ် ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်