ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို အပြီးသပ်ထိုးနှံပေးသွားမည်

မိုင်းကိုင်   မတ်   ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်  ကျန်ရှိသူများ အားလုံးကို  ၂၀၂၂ ခုနှစ်၊ ဧပြီလကုန် နောက်ဆုံးထား၍  အပြီးသပ်ထိုးပေးသွားမည် ဖြစ်သည်။

မိုင်းကိုင်မြို့နယ်တွင်   အသက် ၁၈ နှစ်အထက်  ကာကွယ်ဆေးထိုးနှံရန်  လျာထားဦးရေ ၂၃၀၅၇ ဦးရှိ သည့်အနက် ယနေ့အထိ  ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ ၁၈၉၃၀ ဦး၊ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ ၁၅၅၃၅ ဦးရှိပြီး  ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသူ ၄၁၂၇ ဦးရှိသဖြင့်   ဧပြီလကုန်အထိ  ကာကွယ်ဆေးများ ထိုးနှံပေးသွားမည် ဖြစ်သည်။

သို့ဖြစ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ  ပူးပေါင်းအဖွဲ့တို့က  ကာကွယ်ဆေးထိုးနှံရန်  ကျန်ရှိကျေးရွာ အုပ်စုများသို့  ရွေ့လျားဝန်ဆောင်မှုအဖွဲ့များဖွဲ့ကာ ကွင်းဆင်း ထိုးနှံပေးခြင်းဖြင့်လည်းကောင်း၊   မြို့ပေါ်ရပ်ကွက်နှင့် သွားလာရန်ခက်ခဲသော ကျေးရွာအုပ်စုများမှ ပြည်သူများအား  မြို့နယ်ပြည်သူဆေးရုံ ကာကွယ်ဆေးထိုးစုရပ်၌ နေ့စဉ် ဆက်လက် ထိုးနှံပေးခြင်းဖြင့် လည်းကောင်း  ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်