ဘုတ်ပြင်းမြို့နယ်၌ လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေး အသိပညာပေးစာစောင်များ မြေစိုက်နံရံကပ်ပြဘုတ်များဖြင့် အသိပညာပေးပြသခြင်း ဆောင်ရွက်

ဘုတ်ပြင်း   မတ်   

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်ဘုတ်နှင့် သီးခြားပြဘုတ်တွင်  လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေး အသိပညာပေးစာစောင်များကို ပြသခြင်းဆောင်ရွက်လျက်ရှိသည်။

အသိပညာပေးမြေစိုက်ဘုတ်တွင် မိမိတို့နေစဉ် လျှပ်စစ်မီးကို အသုံးပြုနေသော်လည်း အသုံးပြုပြီးသည့် လျှပ်စစ်နှင့်ပတ်သက်သည့် ပစ္စည်များ အသုံးပြုပြီးပါက ခလုတ်ကိုပိတ်ထားပြီး ပလပ်ကြိုးများ ဆွဲထုတ်ထားရန်၊ လမ်းမီး၊ အိမ်ခြံမီးများတွင်  အသုံးပြုနေသည့် ရိုးရိုးမီးလုံး မီးချောင်းများထက် Energy Saving Lamp ထက် LED မီးလုံး မီးချောင်းများရွေးချယ်အသုံးပြုကြရန် နေအိမ်များတွင် လူမရှိသည့်အခါ လျှပ်စစ်မီးများကို ပိတ်ထားကြရန်၊ ညအိမ်သည့်အခါတွင်လည်း လျှပ်စစ်မီးများကို ပိတ်၍အသုံးပြုကြရန်နှင့်  မိမိတို့နေ့စဉ်  အိမ်မှုကိစ္စသော်လည်းကောင်း အခြားလျှပ်စစ်အသုံးပြု၍ အလုပ်မျိုးစုံ အသုံးပြုသူများအနေဖြင့် လျှပ်စစ်ဓာတ်အား ချွေတာအသုံးပြုခြင်းဖြင့် မီးတာခပေး ဆောင်ရာတွင် သက်သာမည်ဖြစ်သည့်အတွက် လျှပ်စစ်ဓာတ်အား ချွေတာအသုံးပြုခြင်းနှင့် ပတ် သက်သည့် အသိပညာပေးဓာတ်ပုံများ၊  စာစောင်များအား ရုံးရှေ့မြေစိုက်ဘုတ်နှင့် သီးခြားဘုတ်များတွင် ပြည်သူများကျယ်ကျယ်ပြန့်ပြန်သိရှိနိုင်ရန် အသိပညာပေးပြခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဘုတ်ပြင်း( ပြန်/ဆက် )