ပေါက်ခေါင်းမြို့အဝင်ဂိတ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ခရီးသွားကားများ စစ်ဆေးရေးဂိတ် ဖွင့်လှစ်စစ်ဆေး

ပေါက်ခေါင်း    မတ်    ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့အဝင်ဂိတ်တွင်  ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါ ကြိုတင် တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ စစ်ဆေးရေးဂိတ်တွင် မြို့အတွင်း ဝင်ရောက်လာကြသူများကို ပါးစပ် နှာခေါင်းစည်း mask တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးခြင်း၊မည်သည့်အရပ်ဒေသမှ လာရောက်သည်ကိုစစ်ဆေးမေးမြန်းခြင်း၊ mask ကို စနစ်တကျ တပ်ဆင် သွားလာရေး၊ ကာကွယ်ဆေး(၂)ကြိမ် ထိုးထားပြီးကြောင်း အထောက်အထား စစ်ဆေးခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ  သွားလာရေး အသိပညာပေး ပြောကြားခြင်း၊ ရောဂါ ပြန့်ပွားမှု ထိန်းချုပ် နိုင်ရေး ကြိုတင်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိ‌ပြီး၊ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ကာကွယ်ဆေးမထိုးရသေးသူများနှင့် မြို့နယ်ခြားမှ ဝင်ရောက်လာသူများကို ရောဂါပိုး ရှိ၊ မရှိ RDT ဖြင့် စစ်ဆေး‌ပေးလျက်ရှိ‌ကြောင်း သိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)