မြေပုံမြို့ရှိ ဌာနဆိုင်ရာရုံးများ၌ မီးဘေးလုံခြုံရေးအကြံပြု စစ်ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်း သတ်နည်း သရုပ်ပြသ

မြေပုံ မတ် ၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ် မီးသတ်ဦးစီးဌာနမှ  မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက် ၁၀ နာရီ က ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ မြေပုံမြို့ရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ မီးဘေးလုံခြုံရေးအကြံပြုစစ်ဆေး ခြင်းနှင့်လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသကြသည်။

အဆိုပါ မီးဘေးလုံခြုံရေး အကြံပြုစစ်ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သန်းစိုးက မီးလောင်ကျွမ်းမှု ဖြစ်ပေါ်လာပါက မီးငြိှမ်းသတ်ရန် နည်းလမ်းများ၊ မီးသတ်ဆေးဘူးအသုံးပြုပုံ၊ မီးဘေးအန္တရာယ် ကင်းဝေးစေရန် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကို ပြောကြားပြီး မီးသတ်တပ်ဖွဲ့ဝင်များက မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် မိသားစုဝင်များကို အရေးပေါ် မီးငြိှမ်းသတ်နည်းများ၊ မီးသတ်ဆေးဘူးအသုံး ပြုနည်းများ၊  ဆီမီးလောင်မှုအား လက်တွေ့ မီးငြိှမ်းသတ်နည်း စသည့်တို့ကို သရုပ်ပြသကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)