ချောင်းဆုံ မတ် ၉
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ခရီးသွားလုပ်ငန်း ပြန်လည်အသက်ဝင် ဦးမော့နိုင်စေရန်အတွက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ ယမန်နေ့က ရွာလွတ်ကျေးရွာလက်မှု လုပ်ငန်းများနှင့်ယဉ်ကျေးမှု ပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်း၍ ဒေသခံ များအား အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ပြည်တွင်း/ပြည်ပခရီးသွား ဧည့်သည်များ စိတ်ဝင်တစား လည်ပတ်လေ့ရှိသည့် ရွာလွတ် ကျေးရွာ ဆေးတံလုပ်ငန်း၊ မုဒွန်းကျေးရွာ ကျောက်သင်ပုန်းလုပ်ငန်း၊ အခြားလက်မှုလုပ်ငန်းများနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ဆက်လက်ထိန်းသိမ်းပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးအောင် ဆောင်ရွက် သင့်ကြောင်း မိမိဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသည့်နှင့်အမျှ ဒေသခံများ၏ လူမှုစီးပွာဘဝများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း ပြည်နယ်ဦးစီးမှူး ဦးဇေယျာထွန်းက ပြောသည်။
ရွာလွတ်ကျေးရွာတွင် ဆေးတံနှင့် တုတ်ကောက် လုပ်ငန်းကို လုပ်ငန်းရှင်(၃)ဦးမှ ပုံမှန်လုပ်ကိုင်နေပြီး မုဒွန်းကျေးရွာမှ ကျောက်သင်ပုန်းလုပ်ငန်းကို လုပ်ငန်းရှင် (၁၀)ဦးခန့် ပုံမှန် လုပ်ကိုင် လျက်ရှိကြောင်း ယခုကာလများတွင် အဆိုပါလုပ်ငန်းများမှ လူသုံးကုန်လက်မှုပစ္စည်းများနှင့် ခရီးသွားလက်ဆောင် ပစ္စည်းများကို ပုံမှန်ထုတ်လုပ်၍ စုဆောင်းထားရှိကြောင်း သိရသည်။
မွန်ကြီး(ချောင်းဆုံ)