ပေါင်းတည် မတ် ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ပြည်သူများ အိုမီခရွန်ရောဂါပိုး ကူးစက်မှုကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်းအဖွဲ့မှ Mask စနစ်တကျတပ်ဆင်သွားလာရေးနှင့် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၈နာရီက စျေးရောင်းစျေးဝယ်များစည်ကားသည့် မြို့မစျေးကြီးအတွင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက စျေးရောင်း စျေးဝယ်သွားလာနေသူ ပြည်သူများအနေဖြင့် ယခုအခါ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းအိုမီခရွန် ရောဂါပိုး ကူးစက်မှု ရှိလာသဖြင့် ရောဂါကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံရန်၊ နေအိမ်ပြင်ပသို့သွားလာပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ရန်၊ လက်ကို ဆပ်ပြာဖြင့် စက္ကန့်၂၀ကြာအောင် မကြာခဏဆေးကြောရန်နှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်၊ မိမိတို့ပတ်ဝန်းကျင်တွင် သံသယလက္ခဏာရောဂါ ရှိသည်ဟု ယူဆပါက နီးစပ်ရာကျန်းမာရေးဌာနတွင်ပြသ၍ ဆေးကုသမှုခံယူရန်စသည်တို့ကို အသိပညာပေးပြောကြားပြီး ပါးစပ်နှင့်နှာခေါင်းစည်းMaskများ တပ်ဆင်ခြင်းမရှိ သွားလာသူများ အား Mask (၂)ခုလျင် ငွေငါးရာကျပ်ဖြင့်ဝယ်ယူစေပြီး စနစ်တကျတပ်ဆင်ပြီးမှ သွားလာခွင့်ပြုခဲ့ကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)