ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ် စာစောင်များအား ငှားရမ်းပေးလျက်ရှိ

ကြာအင်းဆိပ်ကြီး မတ် ၉

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ မိဘပြည်သူများအား စာပေဗဟုသုတများ တိုးပွားလာစေရေး ကိုယ်တိုင်တွေးခေါ် စဉ်းစား ဆုံးဖြတ် တတ်လာစေရေး အတွေးအခေါ် အမျှော်အမြင်များ တိုးပွားရရှိလာစေရေးနှင့် စာအုပ် စာစောင် များအား နေ့စဉ်ဖတ်ရှုလေ့လာတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ်ပြီး ရပ်ကွက် များအတွင်းသို့ ကွင်းဆင်း သွားရောက်ကာ မိုဘိုင်းစနစ်ဖြင့် အိမ်တိုင်ရာရောက် သုတ၊ ရသစာအုပ် စာစောင်များအား စနစ်တကျ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ၌ အပတ်စဉ်ရုံးဖွင့်ရက်နေ့များတွင် မြို့ပေါ်ရပ်ကွက်များ အတွင်းသို့ ကွင်းဆင်းသွားရောက်ပြီး မိဘပြည်သူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ် စာစောင်များအား ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က အဆိုပါဦးစီးဌာနမှ ဝန်ထမ်းများက အမှတ် (၅) ရပ်ကွက်ရှိ ဇမိရတနာမြို့မဈေးအတွင်းသို့ သွား‌ရောက်ပြီး စာဖတ် စာငှား ဈေးသူ ဈေးသားများအား သုတ၊ ရသ ကာတွန်းရုပ်ပြများနှင့် ၎င်းတို့ ဖတ်ရှု လိုသည့် စာအုပ်စာစောင်များကို မိုဘိုင်းစနစ်ဖြင့် စနစ်တကျ ငှားရမ်းပေးခဲ့ကြောင်း သိရ သည်။

မျိုးမင်းဦး