သာယာဝတီ မတ် ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ လာမည့်ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် ဆင်းရွှေကြာ-၂ ဆီထွက်နေကြာသီးညှပ် (၁၂၂၀) ဧက၊ နေကြာသီးသန့် (၂၀) ဧက နှင့် ကိုင်းကျွန်း သီးနှံများဖြင့် ဆင်းရွှေကြာ-၂ နေကြာသီးညှပ် (၄၂၈၀) ဧက၊ကိုင်းကျွန်း နေကြာသီးသန့်(၃၀)ဧက၊စုစုပေါင်း (၅၅၀၀)ဧက တိုးချဲ့ လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒေါ်ခင်ဥမ္မာဟန်ထံမှ သိရသည်။
ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ရေးအစီအစဉ်အရ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ၂၀၂၁ ခုနှစ်တွင် ဆင်းရွှေကြာ-၂ ဆီထွက် နေကြာမျိုးစေ့ တစ်ဧကလျှင် (၂)ပြည်နှုန်းဖြင့် တောင်သူများထံ အခမဲ့ ဖြန့်ဝေပေးခဲ့ရာ သာယာဝတီမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများရှိ မတ်ပဲနှင့် ပဲတီစိမ်းစိုက်ပျိုးသူ တောင်သူ များအား သီးညှပ် စိုက်ပျိုးခြင်းအပြင် သီးသန့်စိုက်ပျိုးခြင်းများရှိပြီး၊ ၂၀၂၂ - ၂၀၂၃ ခုနှစ်အတွင်း သာယာဝတီ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် ဆီထွက်နေကြာ သီးသန့် သီးညှပ် (၉၀) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
သန့်ဇော်(သာယာဝတီ)