ဆီဆိုင် မတ် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ ဦးစားပေး အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွွယ်ဆေးထိုးနှံပြီးကာလ ခြောက်လနှင့် အထက်ရှိသူ နိုင်ငံ့ဝန်ထမ်းများအား Covishield နှင့် Covaxin ထပ်ဆောင်း ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြကန်သာရပ်ကွက်ရှိ မြို့နယ်ခန်းမဆောင်၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ဆက်လက် ထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းများအား Covishield နှင့် Covaxin ထပ်ဆောင်း Booster Dose ကိုစနစ်တကျထိုးနှံပေးပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ဆီဆိုင်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်း(၃၂၃)ဦး၊ ရဲတပ်ဖွဲ့ဝင်(၄၈)ဦး၊ ဌာနဆိုင်ရာ ဝန်ထမ်း(၂၂၃)ဦး၊ စုစုပေါင်း (၅၉၄)ဦး တို့ကို ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကာကွွယ်ဆေး Booster Dose ထပ်ဆောင်း ထိုးနှံပေးနိုင်ခဲ့သည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မိုးခိုင် နှင့်အဖွဲ့များက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)