လက်ပံတန်း မတ် ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်း(Book Club)တို့ ပူးပေါင်း၍ စာရေးဆရာကြီး အောင်သင်း ရေးသားသော "အရွယ်"စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ(Book Club)အဖွဲ့ဥက္ကဌ ဦးမြင့်သိန်း စာရေးဆရာ(မြင့်သိန်း-ရွှေတောင် (ချည်/ထည်/ ချော)က အဖွင့်အမှာ စကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက စာဖတ်ခြင်းဖြင့် ဗဟုသုတတိုးပွားပြီး အတွေးအခေါ် ရင့်သန် မည်ဖြစ်ကြောင်း၊ အမှား/အမှန်ကို ဝေဖန်ပိုင်း ခြားနိုင်မည်ဖြစ်ကြောင်းနှင့် စာပေရဲရင့် ပွဲလည်တင့်၍ စာဖတ်သူအချင်းချင်းလည်း အသိအမြင်ဗဟုသုတများ ဖလှယ်ဆွေးနွေးတတ်သည့် အလေ့ အကျင့်ကောင်း များရရှိမည်ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများက ဆရာအောင်သင်း၏ "အရွယ်" စာအုပ်ပါ အကြောင်းအရာများကို အသီးသီးဖတ်ရှု ဆွေနွေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါစာဖတ်ဝိုင်းသို့ (Book Club)အဖွဲ့ဝင်များ၊ စာဖတ်ပရိသတ်များ၊ ဆရာဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။
မြို့နယ် (ပြန်/ဆက်)