ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရေးအား ဆေးထိုးစုရပ်များတွင် အသိပေးနှိုးဆော် ဆောင်ရွက်လျက်ရှိ

ပြည်ကြီးမဏ္ဍိုင် မတ် ၉

တနင်္သာရီတိုင်းဒေသကြီး  ၊ ကော့သောင်းခရိုင် ၊  ပြည်ကြီးမဏ္ဍိုင်မြို့တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က ဆေးထိုးစုရပ်ဖြစ်သည့် ကျန်းမာရေးဌာန (ပြည်ကြီးမဏ္ဍိုင်)  တွင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ် ပြည့်  လာရောက်ထိုးနှံခြင်းဖြင့်  ကိုဗစ်-၁၉ရောဂါအပြင်  မျိုးရိုးဗီဇပြောင်း ရောဂါကာများ ကူးစက်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ပြီး အသက်သေဆုံးရခြင်းများ  လျော့နည်းမည်ဖြစ်၍ အသက် (၁၈)နှစ်ပြည့်ပြီးသူ မည်သူမဆို ဆေးထိုးစုရပ်များတွင် လာရောက်ထိုးနှံကျရန်နှင့် ဆေးထိုးနိုင်ရန် ကျန်ရှိသူများအား မတ်လအကုန်ထိ ရာနှုန်းပြည့်ကာကွယ်ဆေး ထိုးနှံပြီးစီးရေးအား‌ ဆောင်ရွက် သွားမည်ဟု အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ကေခိုင်ဝင်း(ပြန်/ဆက်)