မိုးမိတ် မတ် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း ကို ယနေ့ နံနက် ၉ နာရီမှ စတင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးရုံးတွင် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးများမှာ အသည်းရောင် အသားဝါ(ဘီ)၊ ဘီစီဂျီ၊ ဦးနှောက်အမြှေးရောင် အဆုတ် ရောင် (ငါးမျိုးစပ်ကာကယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ဆေး (ပီစီဂျီ)နှင့် ပိုလီယို အစက်ချဆေးများ ပါဝင်ပြီး ကာကယ်ဆေးအားလုံးကို သတ်မှတ်ထားသော အကြိမ်နှင့် သတ်မှတ် ထားသော အသက်အရွယ်တွင် ဆေးထိုး၊ ဆေးတိုက်ပေးနိုင်မှသာလျှင် ကလေးငယ်တို့ကို ပြင်းထန် တီဘီရောဂေါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါ (ဘီ) ရောဂါ၊ ဦးနှောက်အမြှေး ရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ပိုလီယို အကြောသေရောဂါ၊ ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါတို့မှ ကာကွယ်ပေး နိုင်မည်ဖြစ်သည့်အတွက် ကလေးငယ်များ အားလုံး ထိုးနှံ၊ တိုက်ကျွေးကြရန် အလွန်အရေကြီးသည်ဟု မိခင်နှင့်ကလေး ကျန်းမာရေးဦးစီးဌာနရုံးမှ သိရသည်။
စည်သူဌေး (ခရိုင်ပြန်/ဆက်)