လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်းခွဲအတွက် သိပ္ပံဆောင် ဆောက်လုပ်ပေးခြင်း လုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

လှိုင်းဘွဲ မတ် ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ () ရပ်ကွက်၊ ဘားအံလမ်း၌ တည်ရှိသည့် အခြေခံပညာ အထက်တန်း ကျောင်းခွဲအတွက် သိပ္ပံဆောင်တည်ဆောက်ပေးခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ သိပ္ပံဆောင်သစ်ကို ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံး၊ ငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၁၅ ဒဿမ ၀၃၉) သန်းဖြင့် အလျား (၆၀) ပေ၊ အနံ (၃၀) ပေ ရှိသော သိပ္ပံဆောင်သစ်ကို လုပ်ငန်းတင်ဒါအောင်မြင်ခဲ့သည့် ရတနာကျွန်းမြေ ကုမ္မဏီလီမိတက်က တာဝန်ယူ ဆောက်လုပ်ပေးခဲ့သည်။

အခြေခံပညာ အထက်တန်းကျောင်းခွဲအတွက် သိပ္ပံဆောင်ကို လာမည့်ပညာသင်နှစ် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် အခြေခံပညာ အလယ်တန်းအဆင့် (Grade-6) မှ အခြေခံပညာ အထက်တန်းအဆင့် (Grade-11) အထိ ကျောင်းသား၊ ကျောင်းသူများအား သိပ္ပံဘာသာ ရပ်များကို စာတွေ့၊ လက်တွေ့ သင်ကြားပြသပေးသွားနိုင်တော့မည် ဖြစ်ကြောင်း တာဝန်ခံ ကျောင်းအုပ်ထံမှ သိရှိရသည်။

လင်းသန့်(ပြန်/ဆက်)