လှိုင်းဘွဲမြို့နယ်အတွင်း၌ ၂၀၂၁-၂၀၂၂ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၈၈၇) ဦး ဝင်ရောက်ဖြေဆိုမည်

လှိုင်းဘွဲ မတ် ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်းခွဲ၊ ကိုယ်ပိုင်ကျောင်းတို့၌ ဒဿမတန်း (Grade-11) ကို တက်ရောက်ပညာသင်ကြား နေကြသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်းများနှင့် အခြေခံပညာ အထက်တန်း ကျောင်းခွဲ  စုစုပေါင်း (၂၉) ကျောင်း၊ ကိုယ်ပိုင်ကျောင်း () ကျောင်းတို့မှ ဒဿမတန်း (Grade-11) သင်ရိုးညွှန်းတန်း၌ ဘာသာတွဲ()၊ ဘာသာတွဲ()၊ ဘာသာတွဲ()တို့ကို ကျောင်းဖြေ (၇၃၈) ဦး၊ ပြင်ပဖြေ (၁၄၉) ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၈၈၇) ဦးတို့က ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆို သွားကြမည်ဖြစ်ကြောင်း မြိုနယ်ပညာရေးမှူးရုံးထံမှ သိရှိရသည်။

စောဒိ (ပြန်/ဆက်)