ကော့ကရိတ် မတ် ၉
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အခြေခံပညာ အထက်တန်းကျောင်းများ၌ ကျောင်းသားကျောင်းသူများ ကိုယ်ကာယကျန်းမာသန်စွမ်းစေရေး ကိုယ်ကာယလေ့ကျင့်ခန်းများ လေ့ကျင့်ဆောင်ရွက်တတ်လာစေရေးနှင့် အားကစားသိပ္ပံကျောင်းသို့ တက်ရောက်နိုင်မည့် ကျောင်းသားကျောင်းသူများရရှိပြီး သွားရောက်ပညာသင်ကြားနိုင်စေရေးအတွက် အားကစားအသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း အချိန်က ကော့ကရိတ်ခရိုင် မြို့နယ်အထက(၀င်းကြီး)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ကျင်းပသည်။
အားကစားအသိပညာပေးဟောပြောပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်အေးအေးအောင်က ကျောင်းသား ကျောင်းသူများအား အားကစားနှင့်ပတ်သက်၍ အားကစားနည်းအမျိုးအစားများ ၊အားကစားအကြောင်းသိကောင်းစရာများနှင့် အားကစားလေ့ကျင့်ကစားခြင်းဖြင့် ရရှိလာသည့် အကျိုးကျေးဇူးများ၊ အားကစားသိပ္ပံသင်တန်းကျောင်းသို့ တက်ရောက်နိုင်ရေး စသည်ဖြင့် အသိပညာပေးပြောကြားခဲ့သည်။
ထို့နောက် အဆိုပါကျောင်းမှ ကာယတာဝန်ခံဆရာထံသို့ မြို့နယ်အားကစားမှူးမှ အားကစား အထောက်အကူပြု ဘောလုံး(၅)လုံးပေးအပ်လှူန်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်အားကစားမှူးမှ Physical Fitness Dance ဂီတနှင့် ကိုယ်ခန္ဓာလှုပ်ရှားမှု ကျောင်းသား ကျောင်းသူများနှင့်အတူ လှုပ်ရှားဆောင်ရွက်စေခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း(ပြန်/ဆက်)